


ဆေးလိပ်ဖြတ်ဖို့ဘယ်လိုစသုံးရမလဲ
Vape စက်တွေနဲ့ ဆေးလိပ်ဖြတ်လို့ရပါတယ်။ သူ့သဘောတရားက ဆေးလိပ်လိုမျိုး မီးရှို့ပြီး ထွက်လာတဲ့ အငွေ့ကို ရှူတာ မဟုတ်ဘဲ
Nicotine ပဲပါတဲ့ Vape ဆေးရည် (စွတ်ထားတဲ့ coil နဲ့ ဂွမ်းပေါ်ကို Battery) နဲ့ အပူပေးပြီး ထွက်လာတဲ့ အငွေ့ကို ရှူရတာဖြစ်လို့ ဘေးထွက်ဆိုးကျိုး (မရှိဘူးတော့မဟုတ်ပါ။ ဒါပေမယ့်) ဆေးလိပ်ထက် သိသိသာသာ အဆပေါင်းများစွာ လျော့နည်းပါတယ်။
ဆေးလိပ်သည် Nicotine အပြင် အခြား အန္တရာယ်ရှိ ပါဝင်ပစ္စည်းများစွာကို မီးလောင်ကျွမ်းစေပြီး အငွေ့ထွက်စေ သော်လည်း
Vape တွင် ဆေးလိပ်ဖြတ်ဖို့အတွက် စွဲလန်းမှုကို ဖြစ်စေသော Nicotine တစ်မျိုးတည်း ပါဝင်သည်။
ထို့ပြင် Vape ဆေးရည်တွင် သောက်လို့ကောင်းအောင် အရသာ အမျိုးမျိုး ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်သည်။
အရင် Mod စက်တွေနဲ့ အခု Pod စက်တွေနဲ့ ဘာကွာလဲ
Mod (High Watt) | Pod (Low Watt) | |
ဆေးလိပ်ပြတ် | ကြိုးစားရင် ဖြတ်လို့ရ | ဆေးလိပ်ပြတ်ဖို့ လွယ်ကူ၊ တကယ်ပြတ် |
Cloud အငွေ့ | အငွေ့ထွက်များ (လူကြားထဲသောက်ရင် အဆင်မပြေ) | အငွေ့ထွက်နည်း (လူကြားထဲ သောက်လို့ရ) |
Weight | Battery ကြီးလို့ လေးလံ | Battery သေးလို့ ပေါ့ပါး |
Size | စက်ကြီးတော့ သွားလေရာ သယ်ဖို့ အခက်အခဲရှိ | Pen တစ်ချောင်းစာ လောက်ပဲရှိလို့ သွားလေရာ သယ်သွားနိုင် |
Battery | အားအကြာကြီးသွင်းရ | အားခဏပဲသွင်းရ |
စက်ဖိုး | Pod ထက်အနည်းဆုံး ၂ ဆလောက်စျေးများ | ၁ သောင်းနဲ့ ၄ သောင်းကြား သာရှိ |
Juice ဖိုး | 100ml ၁ဗူးကို ၁ ပတ် ၂ ပတ်ခံ | 30ml ၁ဗူးကို လချီခံ |
Coil ဖိုး | ကိုယ်တိုင် coil ပတ်ရင် သက်သာပေမယ့် အရမ်း အလုပ်ရှုပ် | ဖြုတ်တပ်လဲ အရမ်း လွယ်ကူပေမယ့် coil ပတ်တာလောက် မသက်သာ |
စုစုပေါင်း စရိတ် | သိသိသာသာ ပိုများ | သိသိသာသာ လျော့နည်း |
Puff | အကြိမ်များများ ဖွာမှ ဆေးလိပ်သောက်ချင်စိတ် ပြေပျောက် | အကြိမ်ရေ နည်းနည်းဖွာရုံနဲ့ အဆင်ပြေ |
Danger | Battery အန္တရာယ် ရှိတတ် | Battery အန္တရာယ် မရှိ |
eLiquid | ရိုးရိုး nic Juice နဲ့သောက်ရ | Salt nic juice နဲ့သောက်ရ |
အပေါ်ကအချက်တွေထဲက ကုန်ကျစရိတ်နဲ့ ဆေးလိပ်တကယ် ပြတ်မပြတ်နှုန်း ၂ ခုတည်း ချိန်ထိုးကြည့်ရုံနဲ့တင် အခုနောက်ပိုင်း Pod system device တွေသုံးလာကြတယ်။ အပေါ်က ခေါင်း cartridge လေးလဲပြီးသောက်ရုံပဲ။ နောက်ပိုင်း cartridge သက်သာတဲ့ စက်တွေလည်း ထွက်နေပြီ။ သေးတော့ အပြင်ယူသွားရလည်း လွယ်ကူတယ်။ Battery အားသွင်းလည်း အကြာကြီးမသွင်းရဘူး။ အားအပြည့်သွင်းထားရင် တစ်ရက်တော့ ကောင်းကောင်း သုံးလို့ရတယ်။
Juice တွေက ဘယ်လိုရှိလဲ
eLiquid or eJuice တွေက ဆေးလိပ်ပြတ်ဖို့အတွက် Nicotine နဲ့ သောက်လို့ကောင်းအောင် Flavor အရသာတွေ ထည့်ပေးထားပါတယ်။
Flavor ပိုင်းမှာ အကြမ်းဖျဉ်း 3 မျိုးခွဲပါတယ်။
- Fresh line, Fruit line
စစသောက်ချင်းသူတွေက Fresh line ပဲကြိုက်ကြတာများတယ်။ အသီးအရသာတွေ ဆိုတော့ မွှေးတယ်။ Ice Menthol ပါတာရှိသလို Ice မပါတာလည်းရှိတယ်။
- Dessert အအီလိုင်း
နောက်ပိုင်း အပြောင်းအလဲ အနေနဲ့မှ အအီလိုင်းတွေ စမ်းသောက် ကြည့်နိုင်တယ်။
- Tobacco ဆေးရွက်ကြီးအရသာ
တချို့က ဆေးလိပ်ဖြတ်ဖို့အတွက် ဆေးလိပ်အရသာပဲ လိုချင်တဲ့ သူတွေအတွက်ပါ။
*** HiHi Vape မှာ clone / copy juice တွေလုံးဝ မရောင်းပါ။ အစစ်အမှန် authentic ပစ္စည်းတွေပဲ ရောင်းပါတယ်။ ***
Salt nic ဆိုတာဘာလဲ
salt nic ဆိုတာ nic အပြင်းကို ခေါ်တာပါ။ Pod Device တွေမှာ salt nic juice ထည့်သောက်ရတယ်။ nic 25mg လောက်က စပြီး 50 ကျော် ထိရှိပါတယ်။ အဲ့ဒါတွေသုံးမှ ဆေးလိပ်ပြတ်မှာပါ။
ရိုးရိုး free base juice တွေက အရင်တုန်းက ထွက်တဲ့ Mod စက်တွေအတွက် သုံးရတာဖြစ်ပြီး Pod device စက်က watt နည်းတော့ ရိုးရိုး nic ထည့်သောက်လို့ရ ပေမယ့် ဆေးလိပ်ပြတ်မှာ မဟုတ်ဘူး။
ရိုးရိုး free base juice တွေက nic 3mg လောက်ပဲရှိပြီး salt nic တွေကတော့ 25mg လောက်က စပြီး 50mg ကျော် ထိရှိပါတယ်။
တကယ်လို့ ဆေးလိပ်ဖြတ်တာမဟုတ်ဘူး။ vape ပဲသောက်ချင်တာဆိုရင်တော့ ဘယ် juice ထည့်သောက်သောက် ရပါတယ်။
ဘာလို့ USA juice ကို ညွှန်းတာလဲ
Vape ဈေးကွက်မှာ eLiquid တွေ အဓိက ထုတ်နေတဲ့ ၃ နိုင်ငံ USA Malaysia China တို့ရှိတယ်။ Flavor ပိုင်းကော အထဲက ပါဝင်ပစ္စည်း quality ပိုင်းကောမှာ USA ထုတ်က အကောင်းဆုံးပဲ။ ဘာလို့လဲဆို USA FDA က တခြားနိုင်ငံတွေထက် ပိုပြီး တင်းကျပ်ထားလို့ သူတို့ရဲ့ product quality တွေက ထိပ်တန်း ရောက်တာ။
အရင်တုန်းက USA juice တွေဆိုတာ တော်တော်ဈေးမြင့်တယ်။ Malay juice တွေနဲ့ ယှဉ်ရင် ဈေးတော်တော်ကွာတယ်။ အရင်ကဆို China juice ကို ဘယ်သူမှ မသောက်ဘူး။ အခုတော့ US juice တွေကို HiHi ကနေ ဈေးသက်သက်သာသာနဲ့ ရောင်းပေးနေတာ ဖြစ်တဲ့အတွက် အရင်ထက် အများကြီးတန်တယ်။ Malay, China juice တွေထက် ဈေးများသေးတယ် ဆိုပေမယ့် အများကြီးမကွာတော့ဘူး။ ပြီးတော့ flavor ပိုင်း raw material quality ပိုင်းမှာ အများကြီးသာတယ်။
အဲ့ဒီအချက်တွေကြောင့် USA juice တွေကိုပဲ ညွှန်းနေရခြင်း ဖြစ်ပါတယ်။ USA juice ဆိုပြီး အတုတွေ copy, clone တွေလည်း ထွက်ကြတယ်။ HiHi ကတော့ juice တွေကို USA ကနေ ကိုယ်တိုင် တိုက်ရိုက် တင်သွင်းထားလို့ စိတ်ချလက်ချ ဝယ်ယူ အားပေးနိုင်ပါတယ်။
Pod Cartridge ခေါင်းကို ဘယ်လို အချိန်မှာ လဲပေးရမလဲ? ရက်ကန့်သတ်ချက်ရှိလား?
အခြေအနေ၃ မျိုးမှာဆိုလဲရပါတယ်။
- အထဲက coil ပျက်ပြီး လုံးဝသောက်လို့မရတော့တဲ့အခါ
- ဂွမ်းတူးပြီး ညှော်နံ့ထွက်လာတဲ့အခါ (Juice မရှိဘဲ သောက်မိရင် ဖြစ်ပါတယ်)
- ခေါင်းအသစ်လို အရသာ မထွက်တော့တဲ့အခါ (တချို့ကတော့ တစ်လလောက်ထိ သည်းခံသောက်ကြတာလည်းရှိတယ်) မပျက်မချင်းတော့သုံးလို့ရတယ်။ များသောအားဖြင့် ၂ ပတ်ဝန်းကျင်ဆို လဲသောက်ကြတယ်။
သတိထားရန် အချက်များ
Pod/Cartridge အသစ် ကို juice ဖြည့်ဖြည့်ပြီးချင်း ချက်ချင်း မသောက်ရပါ။ ဆေးရည်ထည့်ပြီး ဂွမ်းအရည်စုပ်အောင် အနည်းဆုံး ၂ မိနစ်ခန့် ထားပြီးမှ စသောက်ရပါတယ်။
စက်နဲ့ ခေါင်းနဲ့ကြားတွေထဲက ဆေးရည်တွေ ထွက်ရင် ပုံမှန်သုတ်ပေးပါ
ဆေးရည် အရသာ တစ်မျိုးတည်း အကြာကြီးသောက်ရင် နောက်ပိုင်း အရသာ မရတော့သလို ဖြစ်တတ်တယ်။ အဲ့ဒါ ပါးစပ်က အရသာကို ယဉ်သွားလို့။ တခြား အရသာပြောင်းသောက်ပြီးမှ ပြန်သောက်ရင် အရသာ ပြန်ထွက်လာလိမ့်မယ်။ အဲ့ဒါကြောင့် တော်တော်များများက Pod ၂ခု ကို အရသာ ၂မျိုးနဲ့ သောက်လေ့ရှိတယ်။
ဆိုင်မလာဘဲ ဘယ်လိုဝယ်လို့ရမလဲ
ယခု website တွင် order တင်ပြီးဝယ်ယူနိုင်ပါတယ်။ Menu ရှိ “Contact Us ဆက်သွယ်ရန်” သို့မဟုတ် Page messenger တွင်လည်း order တင်နိုင်ပါတယ်။
ရန်ကုန် မြို့တွင်း Cash on delivery ပစ္စည်းရောက် ငွေချေ ပုံစံဖြင့် ပို့ခ 1500-1800 ဖြင့် အိမ်အရောက် ပို့ပေးပါတယ်။
နယ် Customer များအတွက်
1. အချို့မြို့များကို Cash on delivery ပစ္စည်းရောက် ငွေချေ ပုံစံဖြင့် အိမ်အရောက် ပို့ပေးပါတယ်။
2. ပစ္စည်းဖိုးကို ဘဏ်မှ ငွေကြိုရှင်းပြီး Royal Express ဖြင့် အိမ်အရောက်ပို့ပေးပါသည်။ ပို့ခကို ပစ္စည်းလက်ခံသည့် အချိန်တွင် ပေးနိုင်ပါသည်။
3. အပေါ်က နှစ်မျိုးလုံးနဲ့ မရတဲ့ မြို့တွေကို ကားဂိတ်တွေနဲ့ ပို့ပေးပါတယ်။ (ကားဂိတ်ဖြင့်ပို့လိုလျှင် website မှာ order မတင်ဘဲ Menu ရှိ “Contact Us ဆက်သွယ်ရန်” သို့မဟုတ် Page messenger တွင် order တင်ပေးပါ)
ယခု Website တွင် order တင်ပုံ အဆင့်ဆင့်
- Order တင်ရန် အရင်ဆုံး အကောင့် ပြုလုပ်ရပါမည်။ Main Menu ရှိ My account တွင် email သုံးကာ register ပြုလုပ်ပါ။
- Main Menu ရှိ Juice / Device တွင် ဝယ်လိုသည့် ပစ္စည်းကိုရှာပါ။ Search တွင်လည်း စာရိုက်ထည့်ကာ ရှာနိုင်သည်။
- ဝယ်လိုသည့် ပစ္စ်ညးတွေ့လျှင် တစ်ခုချင်း “Add to cart” ကိုနှိပ်ပါ။ တချို့ ရွေးစရာ ပါသည့် ပစ္စည်းများတွင် ရွေးချယ်ပြီး “Add to cart” နှိပ်ပါ။ ညာဘက် အပေါ်ထောင့်နားရှိ ဆွဲခြင်းပုံ Cart ထဲတွင် ရောက်ရှိ သွားလိမ့်မည်။
- ဝယ်လိုသည့် ပစ္စည်း အားလုံး ထည့်ပြီးပြီ ဆိုပါက ထို ခြင်းတောင်းပုံ Cart ကို နှိပ်ပါ။ order တင်မည့် ပစ္စည်းများ ပြန်စစ်ပါ။
- အောက်နားရှိ “Proceed to Checkout” ကိုနှိပ်ပါ။
- လိုအပ်သော အမည်၊ လိပ်စာ၊ မြို့၊ ဖုန်း ၄ ကွက်လုံးတွင် ဖြည့်ပါ။ (Order Notes တွင် အထူးမှာကြားလိုသော စာတိုကို ထည့်ရိုက်နိုင်သည်။) အောက်နားတွင် “ရန်ကုန် မြို့တွင်း” သို့မဟုတ် “ရန်ကုန်ပြင်ပ မြို့များ” ထဲမှ တစ်ခုကို မှန်ကန်စွာ ရွေးပြီး “Place order” ကို နှိပ်ပါ။